Pages

Monday, December 1, 2014

Photo ကို Pdf လုပ်မယ့် ES Scan apk

         မိတ်ဆွေတို့ဖုန်းထဲက ဓာတ်ပုံတွေကို Pdf File လုပ်ချင်ရင်တော့ Es Scan ဆိုတဲ့ apk လေးကိုဆောင်ထားလိုက်ပါ။ မလုပ်တတ်ဘူးမဖြစ်ရ
အောင် လုပ်နည်းလေးပါထည့်ပေးထားပါတယ်။ ဒီ apk ကိုကျွန်တော်လဲမသုံးဘူးပါဘူး။ ကျွန်တော့ Group ထဲကအစ်ကိုတယောက်က ကောင်းတယ်သုံးကြည့်ဆို လို့သုံးကြည့်တော့ တကယ်
ကောင်းပါတယ် တကယ်ကောင်းလို့ တကယ်တင်ပေးလိုက်ပါတယ်။ အားလုံးပဲအဆင်ပြေကြပါစေနော်။အောက်မှာ Down လိုက်ကြပါ။

apk -  Download 

Pdf -  Download 

Posted via Blogaway

Read More

Tuesday, October 28, 2014

Voice Recorder Pro

Android phone / Tablet တွေနဲ့ အသံဖမ်းချင်သူတွေအတွက် Easy Voice Recorder Pro ဆိုတဲ့ Application လေးတစ်ခု တင်ပေးလိုက်ပါတယ်ဗျာ။ Update Version ကိုယူလိုက်ပါနော်။ Recorder ဆိုတာမျိုးကအမြဲတမ်း အသုံးဝင်တာမျိုး မဟုတ်ပဲ အရေးပေါ်လာရင်အသုံးပြုနိုင်ဖို့ ဖုန်းထဲမှာ Install လုပ်ထားသင့်ပါတယ်ဗျာ။ အပြင်က အသံတွေ သီချင်းသံ စကားပြောသံတွေ  meeting လုပ်နေတာတွေ ပေါ့အသံပြောင်လေးတွေလည်း လုပ်လို့ရတယ်။ Record လုပ် ထားတဲ့ File ကိုလည်း Gmail ထဲသို့ တိုက်ရိုက် ပို့နိုင်မှာဖြစ်ပါတယ်ဗျာ။ Gmail ထဲပို့ထားရင်တော့ ဖုန်းထဲမှာ Record File ပျက်သွားရင်တောင် Gmail ကနေအလွယ်တကူပြန်လည်ရယူနိုင်မှာဖြစ်ပါတယ်ဗျာ။ Play Store မှာတော့$4.32 ဒေါ်လာပေးရတယ်ဗျာ။ အသံနဲ့ပါက်သက်လို့ လုပ်လို့ရတာလေးတွေပါတယ်။ Recording quality လည်းတော်တော်လေးကောင်းတယ်။ဖမ်းထားတဲ့ အသံလေးတွေကို Ring tone လုပ်လို့ရတယ်။ Android OS 2.3.3 နှင့်အထက် ဖုန်းတွေမှာအဆင်ပြေသလောက် သုံးနိုင်ပါတယ်။

Download -  Apk Down ရန် 

ဖက်ရှင်ကြိုက်သူများအတွက်

ဖက်ရှင်ပုံလှလှလေး လိုချင်သူများအတွက် ဖက်ရှင်ပုံလှလှလေးတွေရှာပြီး တော့ pdf file လေးလုပ်ထားပေးပါတယ်။ တ်ေတော်လဲလှပါတယ်။ ကဲထက်ပြောနေရင် လက်ညောင်းပါတယ်။ ကိုယ်တိုင်တာဆန်းကြည့်ပါ။

Download -  ဖက်ရှင်စာအုပ် 

ကျွန်တော့ဆိုဒ်ရဲ apk update လေးထွက်ရှိလာပါပြီး

        ကျွန်တော့ဆိုဒ်အပြင် တခြာဆိုဒ်တွေလဲပါဝင်ပါတယ်။ ဆိုဒ်အများကြီးမဟုတ်တော့ဖုန်းလေးမှာ ကိုလည်းမပူရပါဘူး။ အောက်မှာ ပဲ down လိုက်ပါ။

Download -  နည်းပညာ သတင်းစုံ Apk 

Monday, October 27, 2014

♪ ရေစိုသွားသော ဖုန်းကို ပြန်လည်ပြုပြင်နည်း (၅) ချက် ♫

(၁) ဘတ္တရီကို ချက်ချင်းဆွဲဖြုတ်လိုက်ပါ
ဖုန်းကို ရေစိုလိုက်တာနဲ့ Power ပိတ်ဖို့ လုပ်မနေဘဲနဲ့ ဘတ္တရီကိုသာ ချက်ချင်း ဆွဲဖြုတ်
လိုက်ပါ။ အဲလို ဘတ္တရီကို ဖြုတ်လိုက်ခြင်း အာဖြင့် သင့်ရဲ့ ရေစိုနေသော ဖုန်းကို ပြန်လည် ပြုပြင်နိုင်ပါလိမ့်မယ်။ အကယ်၍ iPhone ဆိုရင်တော့ power ကိုပဲ အမြန်ပိတ်လိုက်ပါ။

(၂) ဆင်းကဒ်ကို ဖြုတ်ပါ
တကယ်၍ ဟန်းစက်ဟာ ပျက်စီးသွားတယ်ဆိုရင် မှတ်သားထားသော contact information 
ကို မပျောက်ပျက်စေရန် ဆင်းကဒ်ကို ဖြုတ်၍ လေမှုတ်စက်ဖြင့် မူတ်လိုက်ပါ။

(၃) ရေမချောက်မခြင်း ဖုန်းကို မဖွင့်ပါနဲ့
ရေအစိုဓာတ်တွေ မကုန်ဘဲ ဖုန်းပြန်ဖွင့်လိုက်မယ်ဆိုရင် သင့်ရဲ့ဖုန်းကို ပျက်စီး သွားစေမှာ ဖြစ်ပါတယ်။

(၄) ဆန်အိုးထဲတွင် မြုပ်ထားပါ
ရေစိုသွားသော ဖုန်းကို ဘတ္တရီ ဖြုတ်ပြီးပြီးခြင်းမှာပဲ အနီးနားမှာ ရှိသော ဆန်အိုး အတွင်းသို့ အလျင်အမြန် မြုပ်ထားလိုက်ပါ။

(၅) ရေခဲသေတ္တာထဲတွင် လျှပ်စစ်မသုံးဘဲ ထည့်ထားပါ
တကယ်လို့ အလွယ်တကူ ဆန်အိုး မရှိဘူးဆိုရင် ရေခဲသေတ္တာ အတွင်းသို့ ရေစိုနေသော ဖုန်းအား အဝတ်များနှင့် ပတ်ပြီး ထည့်ထားနိုင် ပါတယ်။ ထိုရေခဲ သေတ္တာဟာ လျှပ်စစ် 
မသုံးသည့် အတွက်ကြောင့် အအေးဓာတ် မရှိဘဲ အပူဓာတ် များကို ပေးစွမ်းမှာဖြစ်လို့ 
ဖုန်းကို အလွယ်တကူ ချောက်သွေ့ စေနိုင်မှာ ဖြစ်ပါတယ်။

Android Phone တွေရဲ့ Cannot connect to camera ဆိုတဲ့ ပြဿနာကို ဖြေရှင်းနည်း

ခု ကျွန်တော်ပြောမယ့်နည်းလမ်းက ဖုန်းအားလုံးမှာ အဆင်ပြေ မပြေတော့ မသိပါဘူး.. တွေ့မိတာလေး တင်ပေးတာပါ.. ဖုန်းတွေမှာ ( များသောအားဖြင့် Huawei ) တွေမှာ ဓါတ်ပုံရိက်ဖို့ ကင်မရာကို နှိပ်လိုက်တဲ့ အခါ Cannot connect to camera ဆိုတာကို ကြုံဖူးကြပါလိမ့်မယ်.. သူများတွေ ဘယ်လို လုပ်လဲ မသိပေမယ့် ကျွန်တော် လုပ်လိုက်တာက ဒီလိုပါ..

1. ဖုန်းရဲ့ Setting ကိုနှိပ်ပါ..

2. App Manage ကိုနှိပ်ပါ..

3. Camera ကိုတစ်ချက်နှိပ်ပါ..

4. ပထမ Clear Cache ကိုနှိပ်ပါ..

5. နောက် Clear Data ကိုနှိပ်ပါ..

6. ပြီးရင် ဘာကိုမှ ထပ်မနှိပ်ဘဲ ဖုန်းကို Restart လုပ်လိုက်ပါ.. ပြန်တက်လာရင် ကင်မရာကို သုံးလို့ ရပါပြီ...

အဆင်ပြေပါစေ..

Sunday, October 19, 2014

၁၀မီနစ်​ဖြင့်​ ဗိုက်​ချပ်​​စေရန်​​လေ့ကျင့်​ခန်းများ

အားကစားအတွက် အချိန် မပေးနိုင်တဲ့ ပျိုမေများ အတွက် တစ်နေ့ ဆယ်မိနစ်စာ အချိန်ပေးရုံနဲ့ ဗိုက်သားသိသိသာသာ ကျစ်လစ် လှပစေမှာပါ။ ဒီလေ့ကျင့်ခန်း လေးကို Good Housekeeping (Digital Edition) မှ ထုတ်နှုတ် ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းရဲ့ အနှစ်သာရကတော့ ဗိုက်မှာရှိတဲ့ DeepTransverse Abdominalis ကြွက်သားကို ကျစ်လစ်စေတာ ဖြစ်ပါတယ်။ ခေါင်းအုံး တစ်လုံးကို ခေါင်းအောက်မှာထား၊ စာအုပ် တစ်အုပ်ကို ဗိုက်ပေါ်တင်၊ ဗိုက်ကိုကျောနဲ့ ကပ်တဲ့အထိ လေကို တဝကြီး ရှူထုတ်လိုက်တဲ့ အခါမှာ စာအုပ် နစ်ဝင်သွားတဲ့ နေရာဟာ DeepTransverse muscle ရှိတဲ့နေရာ ဖြစ်ပါတယ်။ ကစားနည်း အသေးစိတ်ကို ကြည့်ကြ ရအောင်နော်။

လေ့ကျင့်ခန်း

(၁) ကြမ်းပြင်ဆီသို့ မျက်နှာမူ၍ ကိုယ်ကို ဆန့်တန်း ထားပါ။ ကိုယ်ရဲ့ အလေးချိန်သည်တံတောင်နှင့် ခြေဖျားပေါ်တွင် ရှိပါစေ။ ထိုအနေအထားကို စက္ကန့် ၁၀ မှ ၂၀ အထိ ထိန်းထားပေး ရမှာဖြစ်ပါတယ်။

(၂) (A) လူကို ဘေးဆောင်း အနေအထားနှင့် ဆန့်ထားပြီး ဘယ်ခြေကျင်းကို ညာခြေကျင်း ပေါ်သို့ ချိတ်ပါ။ ကိုယ်ကို ညာလက်ဖြင့် ထောက် ထားပြီး ဘယ်ဘက် လက်ကို ဦးခေါင်း အနောက်တွင် ထားပါ။

(B) ဝမ်းဗိုက်ကြွက်သားကို သုံး၍ ဘယ်တံတောင်ကို ကြမ်းပြင်နှင့် မျင်းပြိုင် အနေအထားသို့ ရောက်အောင် ဆွဲယူပါ။ တစ်ဘက်ကို ၆ ကြိမ်စီ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

(၃) (A) ပထမဆုံး ကြမ်းပြင်ပေါ်သို့ ခြေဖဝါးချ၍ ထိုင်ပါ။ ထို့နောက် ဗိုက်ကြွက်သားကို သုံး၍ ခြေကိုကြမ်းပြင်နဲ့ လွတ်တဲ့ အနေအထားသို့ မတင်လိုက်ပါ။ ခါးဆန့်နေပါစေ။

(B) ကိုယ်အပေါ်ပိုင်းကို တစ်ဖက်သို့လှည့်ယူပြီး လက်နှစ်ဘက်ကို ကြမ်းပြင်နှင့် ထိပါ။ ဘက်မပြောင်းခင် ၈ ကြိမ်မှ၁၀ ကြိမ်ပြုလုပ်ပေးရပါမယ်။

(၄) (A) ကိုယ်ကို ကြမ်းပြင်ပေါ်သို့ လှဲလျက်၊ ဒူးကို ရင်ဘတ်နှင့် ထိအောင် ကွေးပြီး ခြေထောက်မပြေ စေရန် လက်ဖြင့် ထိန်းထားပါ။

(B) အသက်ရှူ၊ ဗိုက်ကိုရှပ်၍ ထိုင်ရက်အနေအထားသို့ ရောက်အောင် ဆွဲထူပါ။ ကိုယ်အလေးချိန်ဟာ၊ မြီးညောင်ရိုး နေရာမှာ ရှိပါစေ။ ဒီအတိုင်း ၅ ကြိမ်မှ ၁၀ ကြိမ်ပြုလုပ်ပေးပါ ။

(၅) (A) ပက်လက် အနေအထားနှင့် ဒူးကိုကွေးပြီး လက်နှစ်ဘက်ကို ခေါင်းအောက်တွင် ထားပါ။

(B) ညာခြေကို ဆန့်ရင်း ကိုယ်အပေါ်ပိုင်းကို ဘယ်ဘက် ဒူးဆီသို့လှည့်ပါ။ ဘက့်ပြောင်း၍ ဘယ်ခြေကိုဆန့် ညာဒူးဆီသို့လှည့်ပါ။ တစ်ဖက် ကို ၁၀ကြိမ်စီ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ** အထက်မှာ ဖော်ပြထားတဲ့

လေ့ကျင့်ခန်း (၁) မှ (၅) ကို ဆယ်မိနစ် အတွင်း (၂) ခေါက်ပြည့်အောင် ဆက်တိုက် ပြုလုပ် ပေးရမှာပါ။ တစ်ပတ်ကို ၃ကြိမ်ပဲ ပြုလုပ်ပေးရမှာမို့၊ နေ့တိုင်းလုပ်ဖို့ အဆင်မပြေတဲ့ ပျိုမေတွေ အတွက်လည်း အသုံးဝင် လိမ့်မယ် ထင်ပါတယ်။